တာချီလိတ်မြို့ Ethnic Youth Tachileik မှ လူငယ်များဘဝတိုးတက်ရေးအတွက် ကောင်းမွန်စွာ လမ်းညွှန်သင်ကြားပေးနိုင်သော အချိန်ပြည့် ဆရာ/မ (တစ်ဦး) အလိုရှိ




တာချီလိတ်မြို့ Ethnic Youth Tachileik မှ လူငယ်များဘဝတိုးတက်ရေးအတွက် ကောင်းမွန်စွာ လမ်းညွှန်သင်ကြားပေးနိုင်သော
အချိန်ပြည့် ဆရာ/မ (တစ်ဦး) အလိုရှိသည်။

- လိုအပ်သော အရည်အချင်း -
လျှောက်ထားသူမှာ အသက် ၂၂ မှ၂၇ နှစ်ကြား စကားပြောပြေပြစ်၍ ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရပါမည်။
လူငယ်များဘဝ တိုးတက်ရေးနှင့် ပက်သက်၍ လေ့ကျင့် သင်ကြားပေးရာတွင် အတွေ့အကြုံ ရှိသူကို ဦးစားပေးမည်။
မြန်မာနှင့်ထိုင်း သာသာစကားကို အရေး၊အပြော ကျွမ်းကျင်၍၊ MS Word ကိုကောင်းမွန်စွာ အသုံးပြုနိုင်သူ ဖြစ်ရပါမည်။


- လုပ်ဆောင်ရမည့်တာဝန် -
အထက်ပါ အရည်အချင်းနှင့် ပြည့်စုံသူသည် လူငယ်များအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ နှင့် ရပ်ရွာ အကျိုးပြု အဖွဲ့အစည်းများမှ အခွင့်အလမ်းကောင်းများ ရရှိစေရန် လေ့ကျင့် သင်ကြားပေးနေသော အသင်းအဖွဲ့ကြီး၏ တစ်ထောင့်တစ်နေရာမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ရပါမည်။
လူငယ်များအတွက် ကျောင်းစာသင်ခန်း မှ အလုပ်ခွင်သို့ အကူးအပြောင်းတွင် အောင်အောင်မြင်မြင်နှင့် ကူးပြောင်း နိုင်စေရန် လူမှုဆက်ဆံရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာများ၊ ဘဏ္ဍာရေးနှင့် စာရင်းအင်းပညာများ အစရှိသည်တို့ကို သင်းကြားပို့ချပေးရပါမည်။
ဝန်ထမ်းစုဆောင်းခြင်း၊ လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်း နှင့်ပတ်သတ်၍ အခြားသော အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရပါမည်။


အဖွဲ့အစည်း အကြောင်း
ကျွန်ုပ်တို့အဖွဲ့အစည်းမှာ တရားဝင်လိုင်စင် ရထားပြီး ရပ်ရွာအဖွဲ့အစည်းများ၊ မိဘများ၊ အတက်ပညာရှင်များ နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ဦးတည်ချက်မဲ့နေသော လူငယ်များအတွက်အခွင့်အလမ်း သစ်များကို ဖွင့်လှစ်ပေးနေပြီ်း လွတ်လပ် လုံခြုံ၍ အောင်မြင်သော လူနေမှုဘဝ ကိုပိုင်ဆိုင်နိုင်ဖို့ လူငယ်များ ကို ပြုစုပျိုးထောင်ပေးနိုင်ရန် ဖွဲ့စည်းထားသော ရပ်ရွာအကျိုးပြုလူမှုကူညီရေးအဖွဲ့အစည်း ဖြစ်ပါသည်။



အသေးစိတ်သိရှိလိုပါက
5/68, Road 5, San Sai (B), Tachileik, MMR016009
Phone: (မြန်မာဖုန်း) 09450480077 ၊ ( ထိုင်းဖုန်း ) 0808432855
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။








 ***************************** 
[ TachileikJobs.com မှ ဖော်ပြပေးထားသော အလုပ်အကိုင်များနှင့် ပတ်သက်၍ လစာနှုန်းထားများ၊ အလုပ်အကိုင် အကြောင်းအရာများအပြင် အလုပ်အကိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို သိရှိလိုပါက ဖော်ပြပါ အလုပ်အကိုင်ကြော်ငြာ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်မေးမြန်းစေလိုပါသည်။  TachileikJobs.com သည် အလုပ် လိုအပ်နေသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ ]