တာချီလိတ် Ride Eagle ( Motorcycle Adventures ) Motocross Travelling Co.,Ltd ( Myanmar ) မှ ဝန်ထမ်းလျှောက်လွှာများ ခေါ်ယူနေ



မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အပျော်တမ်းခရီးသွားဆိုင်ကယ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် တာချီလိတ်မြို့"Eastern Eagle Riders"အဖွဲ့၏ Ride Eagle ( Motorcycle Adventures ) Motocross Travelling Co.,Ltd ( Myanmar )   ခရီးသွားလုပ်ငန်းတွင် ခန့်အပ်ထားရှိနိုင်ရန်အတွက် ဝန်ထမ်းများ အလိုရှိနေကြောင်း သိရသည်။


Ride Eagle ( Motorcycle Adventures ) Motocross Travelling Co.,Ltd ( Myanmar )  ခရီးသွားလုပ်ငန်းမှ လိုအပ်နေသော ဝန်ထမ်းအမျိုးအစားအနေဖြင့် အထွေထွေမန်နေဂျာ(က/မ)တစ်ဦး၊ စာရင်းကိုင်(က/မ) တစ်ဦး နှင့် လိုင်စင်ရ ဧည့်လမ်းညွှန်(ကျား)တစ်ဦးတို့ကို လိုအပ်နေသည်ဖြစ်ရာ ဝန်ထမ်း လျှောက်လွှာများကို ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၇)ရက်နေ့မှ ၂၀၁၄ခုနှစ် ဇွန်လ (၁၅)ရက်နေ့ထိ အဆိုပါ ကုမ္ပဏီတွင် လာရောက် လျှောက်ထားနိုင်မှာဖြစ်ပြီး ဒေသခံများကို အထူးဦးစားပေး၍ ရွေးချယ်ခန့်ထားမှာ ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ လျှောက်နိုင်သည့် ကာလ
17-5-2014 မှ 15-6-2014 ထိ
ထိုသို့ ဝန်ထမ်းရွေးချယ်ခန့်ထားမှု နှင့်ပတ်သက်၍ ခန့်ထားမည့် ဝန်ထမ်း၏ လိုအပ်သည့် အရည်အချင်းမှာ -
အထွေထွေမန်နေဂျာ ( ကျား / မ )

  • အခြေခံလစာ ( ၁၅၀၀၀ )ဘတ်
  • ခရီးသွားလုပ်ငန်းအတွေ့အကြုံရှိထားပြီး ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူဖြစ်ရမည်။
  • ဘာသာစကား  ။   ။ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ( စာ/စကား တတ်ရန်လို )
  • ( တရုတ် စာ/စကားကိုလည်း တတ်မြောက်ပါက ဦးစားပေးခန့်ထားမည် )
  • ကွန်ပျူတာ၊ Email၊ Microsoft  Excel များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

စာရင်းကိုင် ( ကျား / မ )

  • အခြေခံလစာ ( ၆၀၀၀ )ဘတ်
  • ဘာသာစကား  ။   ။ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ( စာ/စကား တတ်ရန်လို )
  • ကွန်ပျူတာ၊ Email၊ Microsoft  Excel များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

လိုင်စင်ရ ဧည့်လမ်းညွှန် ( ကျား )

  • အခြေခံလစာ ( ၉၀၀၀ )ဘတ်
  • ခရီးတစ်ခေါက်ထွက်ပါက နေ့တွက် သီးခြား ခံစားခွင့်ရှိမည်။
ဝန်ထမ်းများအနေဖြင့် လစာ အကျိုးခံစားခွင့်နှင့် ပတ်သက်၍ လစာကို လုပ်ငန်းပေါ်မူတည်၍ တိုးပေးသွားမှာဖြစ်ပြီး လိုင်စင်ရ ဧည့်လမ်းညွှန်အနေဖြင့် အကျိုးခံစားခွင့်ကို ခရီးသွားလာမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လစာကိုတော့ ပုံမှန်ခံစားခွင့်ရှိမှာ ဖြစ်ပြီး ခရီးတစ်ခေါက်ထွက်တိုင်းမှာလည်း  လက်ရှိအပြင်၌ရရှိသော နေ့တွက်နည်းတူ ပေးမှာဖြစ်သည်။

အသေးစိပ်ဆက်သွယ်စုံစမ်းရန်..........
Eastern Eagle Motorcycle Club 
အမှတ် (၅၃)၊ သဇင်လမ်း။
တာလော့ရပ်ကွက်၊ အမှတ်(၁)ချစ်ကြည်ရေးတံတားဘေး၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။   ။ 094-0762294
မြန်မာဖုန်း။   ။ 09-36065468
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Flag Counter