တာချီလိတ်မြို့ LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်မှ အရောင်းမြှင့်တင်ရေး အမျိုးသား ဝန်ထမ်း (၃)ဦး အလိုရှိ



နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အိမ်ဆောက်ပစ္စည်းမျိုးစုံကို ရောင်းချဖြန့်ဖြူးနေလျှက်ရှိသော LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်မှ နယ်များတွင် အိမ်ဆောက်ပစ္စည်းများကို အရောင်းမြှင့်တင်နိုင်ရန်နှင့် ရောင်းချဖြန့်ဖြူးနိုင်ရန်အတွက် အမျိုးသား ဝန်ထမ်း (၃)ဦး အလိုရှိကြောင်းကို LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်မှ ဆက်သွယ်လာသည့်အတွက် အလုပ်အကိုင်ရှာဖွေရေးကြော်ငြာအဖြစ် ဖော်ပြလိုက်ပါသည်။


LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်တွင် ခန့်အပ်ထားရှိမည့် ဝန်ထမ်း(၃)ဦးအနေဖြင့် အိမ်ဆောက်ပစ္စည်းများကို အရောင်းမြှင့်တင်နိုင်ရန်နှင့် ရောင်းချဖြန့်ဖြူးနိုင်ရန်အတွက် နယ်များသို့ သွားရောက်နိုင်ရမှာဖြစ်ပြီး အရောင်းမြှင့်တင်ရေးလုပ်ငန်း အတွေ့အကြုံရှိသူများနှင့် အသက်အပိုင်းအခြား အနေဖြင့် (၃၅)နှစ်အောက်ရှိ အမျိုးသားများဖြစ်ရာမှာဖြစ်ပြီး ဘာသာစကားအနေဖြင့် ရှမ်းစကား နှင့် ထိုင်းဘာသာ အရေး/အပြော တတ်မြောက်ထားရမှာဖြစ်သည့်အပြင် သွက်လက်ချက်ချာသူများကို ဦးစားပေးခန့်အပ်ထားရှိမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းများအတွက် LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်မှ လစာနှုန်းထားများကို အရည်အချင်းပေါ်မူတည်၍ ပေးအပ်သွားမှာဖြစ်ပြီး အလုပ်ကြိုးစားမှုပေါ် မူတည်ကာ လစာတိုးပေးသွားမှာဖြစ်ကြောင်းနှင့်  ဝင်ဝင်ချင်း လစာနှုန်းထားကိုတော့ လစာကောင်းကောင်းပေးမှာဖြစ်သည့်အပြင် ပညာအရည်အချင်းအနေဖြင့် (၁၀)တန်း အောင်ထားရုံဖြင့် ခန့်အပ်ထားရှိမှာ ဖြစ်ကြောင်းလည်း သိရသည်။

အလုပ်အကိုင်နှင့် ပတ်သက်၍ စိတ်ပါဝင်စားပါက အလုပ်လျှောက်လွှာများကို အောက်ပါဆက်သွယ်ရန် လိပ်စာမှတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း နှင့် အရည်အချင်းနှင့် ကိုက်ညီသူများအပြင် ဒေသခံများကို ဦးစားပေးခန့်ထားမှာဖြစ်ကြောင်း သိရသည်။

လျှောက်လွှာ သတ်မှတ်ရက်ကာလ
26 - 7 - 2014 မှ 25 - 8 -2014 အထိ

ဆက်သွယ်ရန်လိပ်စာ
LM HOME MART အိမ်ဆောက်ပစ္စည်းဆိုင်
အမှတ်(၄၇)၊ ဗိုလ်ချုပ်လမ်း၊ တော်ကော့ပြင်၊ တာချီလိတ်မြို့
ထိုင်းဖုန်း။ ။ 093-1349352
မြန်မာဖုန်း။ ။ 093-6175999၊ 092-5033899
www.lmhomemart.com 
www.facebook.com/LMHomeMart
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~