Glan Master Whisky မှ တာချီလိတ်မြို့၌ ခန့်ထားရန်အတွက် ဝန်ထမ်းများခေါ်ယူ



နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အလုပ်အကိုင်လိုနေသူများ အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် "Glan Master Whisky"မှ တာချီလိတ်မြို့၌ ရုံးခွဲဖွင့်လှစ်ထားရာ Sales & Marketing Representative ဝန်ထမ်း (၄)ဦးအား အလုပ်ခန့်ထားနိုင်ရန်အတွက် ၂၀၁၄ခုနှစ် ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ လျှောက်လွှာများ ခေါ်ယူနေလျှက်ရှိကြောင်းသိရသည်။


အဆိုပါ အလုပ်ကို လျှောက်ထားလိုသူများအနေဖြင့် အသက်အပိုင်းအခြားအရ (၂၀)နှစ်မှ (၃၀)နှစ်ကြားဖြစ်ရပြီး၊ ဘွဲ့ရ သို့မဟုတ် ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည့် အပြင် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေး၍ ခန့်ထားမှာ ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းတွင် အဓိကအားဖြင့် စာရင်းအင်းများကို တာဝန်ယူခြင်း၊ အော်ဒါလက်ခံခြင်း၊ စာရင်းအသစ်များကို ရေးဆွဲခြင်း၊ လချုပ်ကဲ့သို့သော လစဉ်ရောင်းအားနှင့် လုပ်ဆောင်ချက်များကို တင်ပြခြင်း၊ ဈေးကွက် အခြေအနေနှင့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်း၊ ကုန်ပစ္စည်းပို့ဆောင်ခြင်း၊ ကြော်ငြာပြုလုပ်ခြင်းနှင့် ကုန်ပစ္စည်းသစ် မိတ်ဆက်ခြင်းတို့ကို စုစောင်းစောင့်ကြည့်ခြင်းအပြင် လက်လီ/လက်ကားဆိုင်များတွင် ကုမ္ပဏီကြော်ငြာများကို ရိုက်ခြင်း/ကပ်ခြင်းများကို လုပ်ဆောင်ရမှာဖြစ်သည့် အတွက် စိတ်ပါဝင်စားသူ အလုပ်အကိုင်လိုအပ်နေသူများ အနေဖြင့် အောက်ပါ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များမှတဆင့် ၎င်းတို့ သတ်မှတ်ရက်အတွင်း စုံစမ်း လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်ရန်
Century Beverage Co.,Ltd ( Tachileik Branch )
အမှတ်(၁၅)၊ ဆွယ်တော်လမ်း၊ တာလော့ရပ်ကွက်၊ တာချီလိတ်မြို့
မြန်မာဖုန်း။   ။ 09-5241434
ထိုင်းဖုန်း။   ။ 082-8888432
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~