တာချီလိတ်မြို့ရေပေးဝေရေး စီမံကိန်းအတွက် ဝန်ထမ်း (၁၂)ဦးခေါ်ယူ



ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ဟိန်းလင်းစံကုမ္ပဏီမှ မကြာမီကာလအတွင်း တာချီလိတ်မြို့တွင်းသို့ ရေပေးဝေဖြန့်ဖြူးနိုင်ရန် အဆိုပါ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ လုပ်ငန်းတွင် တာဝန်ပေးအပ် ခန့်ထားနိုင်ရန် အတွက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများအား အမြန်ဆုံး လျှောက်လွှာခေါ်ယူ နေလျှက်ရှိကြောင်း သိရသည်။

လျှောက်လွှာရယူရန် နှိပ်ပါ၊  ။ http://goo.gl/IdwP65

လိုအပ်သည့် ဝန်ထမ်း အမျိုးအစားမှာ Auto CAD ကျွမ်းကျင် ကျား/မ(၂)ဦး၊ Site Engineer ကျား/မ(၁)ဦး၊ Marketing Associate ကျား/မ(၁)ဦး၊ General Staff (၁)ဦး၊ Store Keeper ကျား (၂)ဦး၊ Store Helper ကျား(၂)ဦး၊ Security (၂)ဦး၊ နှင့် Assistant Buyer ကျား(၁)ဦး စုစုပေါင်း (၁၂)ဦး အလိုရှိကြောင်း သိရသည်။

လိုအပ်သည့် ဝန်ထမ်းများအတွက် သတ်မှတ် အရည်အချင်းများမှာ...

Auto CAD  (၂)ဦးအတွက်...
Auto CAD နှင့် ပတ်သက်၍ ကျား/မ မရွေးလျှောက်ထားနိုင်ပြီး အသက်(၂၅)နှစ် အထက်ဖြစ်ရပြီး Google Map ကို အသုံးပြုနိုင်ရမည်ဖြစ်ကာ၊ 2D,3D Auto CAD တတ်ကျွမ်းပြီး Civil Engineer လုပ်ငန်းအတွေ့အကြုံ ရှိရမည့်အပြင် ခရီးနီး/ဝေး သွားနိုင်ရသူ ဖြစ်ရမည်။

Site Engineer ကျား/မ(၁)ဦး အတွက်...
ကျား/မ မရွေးလျှောက်ထားနိုင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းအတွေ့အကြုံ (၅)နှစ် နှင့်အထက်ရှိရပြီး ခရီး နီး/ဝေး သွားနိုင်သည့်သူဖြစ်ရမည့်အပြင် လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းခွင်အတွင်း နေနိုင်ရမည်။

Marketing Associate ကျား/မ(၁)ဦး အတွက်...
Marketing သို့မဟုတ် ၎င်းနှင့် ပတ်သက်သော အခြားစီးပွားရေး ဘာသာရပ်အထူးပြုဘွဲ့ ရထားသူဖြစ်ရပြီး လုပ်ငန်း အတွေ့အကြုံ (၂)နှစ်နှင့်အထက် ရှိရမည့်အပြင် အင်္ဂလိပ်ဘာသာ အရေး/အဖတ်နှင့်အတူ ကွန်ပျူတာလည်း တတ်ကျွမ်းသူဖြစ်ရမည်။

General Staff (၁)ဦး အတွက်...
အမျိုးသား သီးသန့်လျှောက်ထားရမှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် ရရှိထားသူဖြစ်ရမည့်အပြင် ကားမောင်းကျွမ်းကျင်ပြီး လုပ်ငန်းလိုအပ်ချက်အရ ခရီး နီး/ဝေး သွားနိုင်သူဖြစ်ရမည်။

 Store Keeper ကျား (၂)ဦး အတွက်...
လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိရပြီး ဘွဲ့ရပြီးသူဖြစ်ရမည့်အပြင် အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

 Store Helper ကျား(၂)ဦး အတွက်
အသက် (၂၅)နှစ်အထက် ဖြစ်ရပြီး စတိုနှင့် ပတ်သက်သော အတွေ့အကြုံရှိရသူဖြစ်ရမည့်အပြင် ပစ္စည်းများ သိုလှောင်ထားရာ စတိုနှင့်အနီးတွင် နေနိုင်သူဖြစ်ရမည်။

 Security ကျား(၂)ဦး အတွက်....
အသက် (၂၅)နှစ်အထက် ဖြစ်ရပြီး အရပ်(၅)ပေ(၅)လက်မ နှင့်အထက် ရှိရပြီး အကျင့်စာရိတ္တကောင်းမွန်ရမည်။

Assistant Buyer ကျား(၁)ဦး အတွက်....
အခြေခံကွန်ပျူတာ တတ်ကျွမ်းသူဖြစ်ရပြီး ယာဉ်မောင်းလိုင်စင်ရရှိထားသူဖြစ်ရမည့်အပြင် ကားမောင်းကျွမ်းကျင်ပြီး ဘွဲ့ရသူဖြစ်ရမည်။

လျှောက်ထားမည့်သူများအနေဖြင့် C.V, မှတ်ပုံတင် မိတ္တူ(၂)ရွက်၊ ဘွဲ့ရလက်မှတ် မိတ္တူ(၂)စောင်၊ သင်တန်းဆင်းလက်မှတ် မိတ္တူ (၂)စောင်၊ အိမ်ထောင်စုစာရင်း မိတ္တူ(၁)စောင် နှင့် မိမိ နောက်ဆုံး လုပ်ကိုင်ခဲ့သော အလုပ်မှ ထောက်ခံစာမူရင်း၊ လိုင်စင်ဓါတ်ပုံ (၂)ပုံ နှင့်အတူ ရပ်ကွက်ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာ တို့ လိုအပ်မှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းအတွက် လိုအပ်သည့် ဝန်ထမ်းများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ကိုက်ညီသူများ အနေဖြင့် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့မှ ဒီဇင်ဘာလ (၁၃)ရက်နေ့ထိ အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် လျှောက်ထားနိုင်မှာဖြစ်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဟိန်းလင်းစံ ကုမ္ပဏီလီမိတက် ( တာချီလိတ်မြို့ရေပေးဝေရေး စီမံကိန်း )

  • အမှတ်(၁၅)၊ အပိုင်း(ဂ)၊ ဆင်ဖြူတော် လက်ဖက်ရည်ဆိုင်အနီး၊
  • မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားထိပ်၊
  • ယုဇနလမ်းသွယ်၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။ဆက်သွယ်ရန်ဖုန်း
  • မြန်မာဖုန်း ။      ။ 084-53551၊
  • ထိုင်းဖုန်း  ။      ။ 0869205324
  • Email     ။      ။ hlsrm.tcl@gmail.com

 Tachileik Online News ( www.tachileik.net  )