တာချီလိတ်မြို့ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းအတွက် ဝန်ထမ်းများ ခန့်အပ်ရန် လျှောက်လွှာများ ခေါ်ယူ



ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ဟိန်းလင်းစံကုမ္ပဏီမှ မကြာမီကာလအတွင်း တာချီလိတ်မြို့တွင်းသို့ ရေပေးဝေဖြန့်ဖြူးနိုင်ရန် အဆိုပါစီမံကိန်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ လုပ်ငန်းတွင် တာဝန်ပေးအပ် ခန့်ထားနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများအား အမြန်ဆုံး လျှောက်လွှာခေါ်ယူ နေလျှက်ရှိကြောင်း သိရသည်။


ဟိန်းလင်းစံကုမ္ပဏီမှ တာချီလိတ်မြို့တွင်း ရေပေးဝေဖြန့်ဖြူရေးစီမံကိန်းလုပ်ငန်းအတွက် လိုအပ်နေသည့် ဝန်ထမ်း အမျိုးအစားများမှာ စာရင်းကိုင်(ကျား/မ)၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ(ကျား)၊ Site Engineer[Civil] (ကျား)၊ Store Keeper (ကျား)၊ ရုံးထိုင် ကွန်ပျူတာကိုင် (ကျား/မ) နှင့် ရေပိုက်များ သွယ်တန်းရာတွင် လိုအပ်သည့် မြေတိုင်းပညာရှင်(ကျား) စသည့် စုစုပေါင်း ဝန်ထမ်းဦးရေ (၁၅)ခန့်တို့ကို ၂၀၁၄ခုနှစ် ဧပြီလ(၂၄)ရက်မှ မေလ(၅)ရက်နေ့ထိ လျှောက်လွှာများကို ခေါ်ယူနေပြီး ထိုသို့ ခန့်ထားမည့် ဝန်ထမ်းများတွင် ဒေသခံများကို ဦးစားပေး ခန့်အပ်မှာဖြစ်ကြောင်း သိရသည်။

ထိုသို့ လိုအပ်နေသည့် ဝန်ထမ်းများတွင် သတ်မှတ်အရည်အချင်းများနှင့် ပတ်သက်၍  စာရင်းကိုင်ဝန်ထမ်း အနေဖြင့် LCCI Level 3 အောင်မြင်ထားသူ ဖြစ်ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ ရှိသူကို ဦးစားပေးမှာဖြစ်ပြီး ကွန်ပျူတာပညာနှင့် ပတ်သက်၍ Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမှာဖြစ်ကြောင်း၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံနှင့် ပတ်သက်၍ လုပ်ငန်းကိစ္စ အကြောင်း အရာများကို အချိန်နှင့်တပြေးညီ ဒေသခံ ပြည်သူများအား ချပြနိုင်ရန်အတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမှာဖြစ်ပြီး၊ သတင်းနှင့် မီဒီယာ ပြန်ကြားရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသူကို ဦးစားပေး ခန့်ထားမှာ ဖြစ်ကြောင်း သိရသည်။

Site Engineer[Civil] နှင့်ပတ်သက်၍  အမျိုးသားများကိုသာ ခန့်ထားမှာဖြစ်ပြီး AGTI/B.Tech/B.E(Civil) အောင်မြင်ပြီးသူ နှင့် လုပ်ငန်းအတွေ့အကြုံရှိသူများကိုသာ ဦးစားပေးမှာ ဖြစ်ကြောင်း၊ Store Keeper ဝန်ထမ်း ခန့်ထားခြင်းနှင့် ပတ်သက်၍ ပစ္စည်းသိုလှောင်ထိန်းသိမ်းမှုတွင် လုပ်ငန်းအတွေ့အကြုံရှိရမှာဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တခုခု ရရှိထားသူ ဖြစ်ရမှာဖြစ်ကြောင်း၊ ရုံးထိုင် ကွန်ပျုတာစာရေးနှင့် ပတ်သက်၍ ကျား၊မ အလိုရှိပြီး ရုံးသုံး ဆော့ဝဲလ်များဖြစ်သည့် Microsoft Office၊ Pagemaker နှင့် မြေပုံရေးဆွဲနိုင်မည့် photoshop သို့မဟုတ် Coreldraw ကျွမ်းကျင်ထားသူကို ဦးစားပေးမှာ ဖြစ်ကြောင်း၊ မြေတိုင်းတာရေး ဝန်ထမ်း အနေဖြင့် မြေတိုင်းတာရေး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိရမှာဖြစ်ပြီး၊ မြေတိုင်းတာရေး လုပ်ငန်းသုံး ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရန် လိုအပ်မှာဖြစ်သလို ခေတ်မှီနည်းစနစ်သုံး မြေတိုင်းကိရိယာ အသုံးပြုနိုင်သူကို ဦးစားပေး ခန့်ထားမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းအတွက် လိုအပ်သည့် ဝန်ထမ်းများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသူများအနေဖြင့် ၂၀၁၄ခုနှစ် ဧပြီလ(၂၄)ရက်မှ မေလ(၅)ရက်နေ့ထိ အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် လျှောက်ထားနိုင်မှာဖြစ်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဟိန်းလင်းစံ ကုမ္ပဏီ
အမှတ်(၁၅)၊ အပိုင်း(ဂ)၊ ဆင်ဖြူတော် လက်ဖက်ရည်ဆိုင်အနီး၊
မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားထိပ်၊
ယုဇနလမ်းသွယ်၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။
ဆက်သွယ်ရန်ဖုန်း
မြန်မာဖုန်း ။      ။ 084-51211၊ 094-28233349၊ 090-4716772
ထိုင်းဖုန်း  ။      ။ 0876561325၊ 09-47600814
Email     ။      ။ stevenlin005@gmail.com
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~