"ဝင်းလက်ရာ" မိုးကုတ်ရွှေပန်းထိမ်မှ လုပ်ငန်းကျွင်းကျင်(၄)ဦး ခေါ်ယူ



တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ စိန်ဂျုဒ်ကက်သလိစ်ဘုရားရှိခိုးကျောင်းဘေးရှိ တိုက်ခန်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားရှိပြီး ရွှေထည်၊ စိန်ထည်များကို အလှတန်ဆာဆင်ပေးနေသည့် "ဝင်းလက်ရာ" မိုးကုတ်ရွှေပန်းထိမ်ဆိုင်တွင် လုပ်ငန်းကျွမ်းကျင်သူ (၄)ဦး လိုအပ်နေကြောင်း သိရသည့်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ အလုပ်အကိုင်ကြော်ငြာသတင်းအဖြစ် ဖော်ပြပေးလိုက်ပါသည်။


"ဝင်းလက်ရာ" ရွှေပန်းထိမ် နှင့် စိန်ရွှေရတနာ ရောင်းဝယ်ရေးတွင် ကျောက်တပ် ကျွမ်းကျင်သူ (၁)ဦး၊ အရောင်တင် ကျွမ်းကျင်သူ (၁)ဦး နှင့် ပန်းထိမ်ကျွမ်းကျင်ဆရာ (၂)ဦး စုစုပေါင်း(၄)ဦး လိုအပ်နေတာဖြစ်ကြောင်း သိရသည်။


"လစာတွေကတော့ လုပ်ငန်း ကျွမ်းကျင်တဲ့အပေါ်မှာ မူတည်ပါတယ်၊ ဒီမှာ အလုပ်လုပ်မယ်ဆိုရင် နေဖို့ မရှိရင် ဆိုင်မှာ နေလို့ရပါတယ်၊ စားစရိတ်ငြိမ်းပါ၊ တကယ်လို့ နေဖို့ရှိတယ်ဆိုလည်း အလုပ်ဝင်ချိန်မှာ ထမင်းထုတ်လာစရာ မလိုပါဘူး၊ အားလုံးစီစဉ်ပေးထားပါတယ်.."ဟု "ဝင်းလက်ရာ" မိုးကုတ်ရွှေပန်းထိမ် နှင့် စိန်၊ရွှေ၊ရတနာ ရောင်းဝယ်ရေးဆိုင်ပိုင်ရှင်မှ ပြောသည်။



ဝင်းလက်ရာ" မိုးကုတ်ရွှေပန်းထိမ် နှင့် စိန်၊ရွှေ၊ရတနာ ရောင်းဝယ်ရေးဆိုင်အား ယခင်က မြို့နယ်လဝကရုံးအနီး၊ ဂေါ်သဇင်လမ်း၊ မကာဟိုခမ်းရပ်ကွက်တွင် ဖွင့်လှစ်ထားပြီးနောက် ယခုအခါမှာ မကာဟိုခမ်းရပ်ကွက် အတွင်းရှိ စိန်ဂျုဒ်ကက်သလိစ်ဘုရားရှိခိုးကျောင်းဘေးရှိ တိုက်တန်းသို့ ပြောင်းရွှေ့ကာ ဖွင့်လှစ်ထားတာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net