1G1 7 Hotel အတွက် စားပွဲထိုး၊ စာရင်းကိုင်၊ လုံခြုံရေး၊ စားဖိုမှူး၊ သန့်ရှင်းရေး နှင့် ဧည့်ကြို စုစုပေါင်း ဝန်ထမ်း (၁၄၁)ဦး အလိုရှိ



တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်း၌ ယခုနှစ်ကုန် ဒီဇင်ဘာလထဲတွင် အသစ်ဖွင့်လှစ်မည့် အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်သော 1G1 7 Hotel တွင် စားပွဲထိုး၊ ဟိုတယ်စာရင်းကိုင်၊ လုံခြုံရေး၊ စားဖိုမှူး၊ စားဖိုမှူးအကူ ဟိုတယ်သန့်ရှင်းရေး စုစုပေါင်း ဝန်ထမ်းအယောက် (၁၄၁)ဦး ခန့်အပ်ထားရှိမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားလာသည့်အတွက် တာချီလိတ်တွင် အမှန်တကယ် အလုပ်အကိုင် လိုအပ်နေသော လူငယ်များအတွက်  အလုပ်အကိုင်ကြော်ငြာအဖြစ် ဖော်ပြလိုက်ပါသည်။


1G1 7 Hotel သည် အဆင့်မြင့်သော ဒီဇိုင်းအပြင်အဆင်ဖြင့် ဖန်တီးပုံဖော်ထားပြီး တာချီလိတ်တွင် အကောင်းဆုံးအဖြစ် ရည်ရွယ်ထားပြီး နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန်အတွက် ယခုလိုအပ်နေသော ဝန်ထမ်း (၁၄၁)ဦးကို စီစစ်ရွေးချယ်၍ ခန့်ထားပြီးပါက ဟိုတယ်ပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုကျွမ်းကျင်မှုရှိစေရန်အတွက် လုပ်ငန်းစတင်မဝင်ရောက်မီ သင်တန်း(၁)လတိတိကို ထိုင်းနိုင်ငံဘက်မှ ဟိုတယ်ပိုင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းနည်းပြဆရာဖြင့် အခမဲ့သင်ကြားပေးဦးမှာဖြစ်ကြောင်း 1G1 7 Hotel ပိုင်ရှင် ဦးအောင်နိုင်၏ ပြောပြချက်အရ သိရသည်။

( ဆောက်လုပ်ဆဲ )

လျှောက်ထားလိုသည့် ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အရည်အချင်းမှာ မည်သည့် ဘာသာစကားဖြစ်စေ တစ်ဦးလျှင် ဘာသာစကား (၂)မျိုး တတ်မြောက်ထားရမှာဖြစ်ကြောင်းနှင့် နယ်ဝေးမှ လာရောက်လျှောက်ထားပြီး  ခန့်အပ်ခံရသည့် ဝန်ထမ်းများအတွက် နေထိုင်ရန်နေရာများကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း 1G1 7 Hotel ပိုင်ရှင် ဦးအောင်နိုင်မှ ထပ်လောင်းပြောကြားလာသည်။


လိုအပ်သည့် ဝန်ထမ်းအမျိုးအစားများနှင့် အရေအတွက်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

ဝန်ထမ်းအမျိုးအစား နှင့် ခန့်ထားမည့် အရေအတွက်

  • စားဖိုမှူး ။  ။ (၇)ဦး
  • စားဖိုမှူး အကူ ။    ။ (၄)ဦး
  • ဟိုတယ်စာရင်းကိုင် ။  ။ (၁၀)ဦး
  • စားပွဲထိုး ။   ။ အယောက် (၆၀)
  • လုံခြုံရေး ။   ။ အယောက် (၃၀)
  • ဟိုတယ် ဧည့်ကြို ။  ။ (၁၀)ဦး
  • ဟိုတယ်သန့်ရှင်းရေး ။   ။ အယောက် (၂၀)

ဟိုတယ်စာရင်းကိုင် အရည်အချင်း
ဟိုတယ်စာရင်းကိုင် ။  ။ (၁၀)ဦး
  1. (၁၀)တန်းအောင် ( ဘွဲ့ရ ဦးစားပေးမည် )
  2. ကွန်ပျူတာနှင့် ပတ်သက်၍ Microsoft Word, Excel  တို့ကို ကျွမ်းကျင်ရမည်။
  3. ဘာသာစကား (၂)မျိုး တတ်မြောက်ရမည်။ ( ၂ မျိုးအထက် တတ်သူကို ဦးစားပေးမည် )
ဟိုတယ်ဧည့်ကြို အရည်အချင်း
ဟိုတယ်ဧည့်ကြို ။   ။ (၁၀)ဦး
အသက် (၁၈) မှ (၂၅)အတွင်း၊ (၁၀)တန်းအောင်ရမည်။

စားပွဲထိုး အရည်အချင်း
စားပွဲထိုး ။   ။ အယောက် (၆၀)
  • အရပ်အမြင့်။  ။ 160 cm မှ 170 cm
  • ပညာအရည်အချင်း။  ။ (၁၀)တန်းအောင်
  • အသက်။  ။ (၁၈)မှ (၂၅)နှစ်အတွင်း
လုပ်ငန်းအတွေ့အကြုံရှိရမည်၊ ဆက်ဆံရေးကောင်းမွန်စွာရှိရမည်။

လုံခြုံရေး အရည်အချင်း
လုံခြုံရေး ။   ။ အယောက် (၃၀)
အသက်။  ။ (၂၀)မှ (၃၅)နှစ်အတွင်း
အရပ်အမြင့် ။  ။  165 cm အထက်ရှိရမည်။

ဟိုတယ်သန့်ရှင်းရေး အရည်အချင်း
ဟိုတယ်သန့်ရှင်းရေး ။   ။ အယောက် (၂၀)
အသက်။  ။ (၁၈)မှ (၃၀)နှစ်အတွင်း
ဟိုတယ်သန့်ရှင်းရေးလုပ်ငန်း အတွေ့အကြုံရှိရမည်။

ဝန်ထမ်းခန့်အပ်ထားရှိရန်အတွက် လူတွေ့ Interview မည့် သတ်မှတ်ရက်များ...
  • စားပွဲထိုး။   ။ 10/8/2014 မှ 15/8/2014 ထိ လူတွေ့ Interview မည်။
  • စာရင်းကိုင်။  ။ 16/8/2014 မှ 18/82014 ထိ လူတွေ့ Interview မည်။
  • လုံခြုံရေး ။  ။ 19/8/2014 မှ 24/8/2014 ထိ လူတွေ့ Interview မည်။
  • စားဖိုမှူး ။  ။ 25/8/2014 မှ 26/8/2014 ထိ လူတွေ့ Interview မည်။
  • သန့်ရှင်းရေး ။  ။ 27/8/2014 မှ 28/8/2014 ထိ လူတွေ့ Interview မည်။
လျှောက်လွှာအတွက် လိုအပ်ချက်များ
  • လိုင်စင်ဓါတ်ပုံ (၂)ပုံ၊ 
  • မှတ်ပုံတင်မိတ္တူ(၂)စောင်၊ 
  • သန်းခေါင်စာရင်း မိတ္တူ(၂)စောင်၊ 
  • ရပ်ကွက်ထောက်ခံစာ
အပြည့်အစုံယူလာရပါမည်။ အလုပ်ကို စိတ်ဝင်စားမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်သူကို ဦးစားပေးမည်။

လျှောက်လွှာကိစ္စ စုံစမ်းရန်
1G1 KTV 
ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီး၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 094-28227641 ထိုင်းဖုန်း။  ။ 08-81416641

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~